Monday, February 25, 2008

ဒဏ်ရာ

အဖေ

ကျွန်တော်ခဏခဏ ကျရှုံးနေရတယ်

လူဘ၀ဟာ ရခဲတယ်လို့

အဖေကပြောရိုးပြောစဉ်ပြောဦးမှာ

ကျွန်တော်ကတော့ကိုယ့်ကိုကိုယ်သတ်သေချင်နေပြီ

ကျွန်တော်တွေကြုံရတဲ့ကာလက

အဖေသင်ပေးခဲ့တဲ့

မဂ်လာသုတ်နဲ့မရနိုင်တော့ဘူးလား….

အသေ၀နာစဗာလနံကို

ဘယ်မှာရှောင်ရှောင်မလွတ်နိုင်တော့

အဖေ့သားက

ဘယ်တောလားကိုရေးရတော့မှာလည်း

အမှန်တရားဟာ တစ်နေ့တော့အနိုင်ရမှာပဲ

အဲဒီတစ်နေ့က တော်တော်ကြာတာပဲအဖေ…

ကျွန့်တော့်သက်တမ်းနဲ့မှ ကြုံတွေ့နိုင်ပါဦးမလား…

သားစဉ်မြေးဆက် သွားလေရာလမ်းမထက်မှာ

အဖေရေ

ယောကျာင်္းကြီးတန်မယ့် ကျွန်တော်ငိုနေရပြီ…

ရင်ထဲမှာပြိုခဲ့တဲ့ ကမ္ဘာကအဖတ်ဆည်မရနိုင်တော့လို့…။

မိုးလှိုင်ည

2 comments:

  1. ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း အစရှိတာတွေနှင့် လည်ပတ်ရှုပ်ထွေးနေတဲ့ လူ့ဘ၀ကြီးထဲမှာ ဘ၀ရဲ့ခါးသီးမှုဒဏ်တွေကို အတွေ့အကြုံသင်ခန်းစာတွေအဖြစ်ယူရင်း လှပတဲ့နေ့ရက်သစ်တွေအားလုံးကို ထာဝရထိ ပိုင်ဆိုင်နိုင်ပါစေ ကိုမိုးလှိုင်ညရေ ။ ကဗျာတွေအားလုံးလာရောက်ခံစားသွားပါတယ်ရှင် ။

    ReplyDelete
  2. ဗာလာနံတွေ ကြီးစိုးတဲ့အရပ်မှာ..။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...