Sunday, February 17, 2008

အတ္တ၌ငြိတွယ်ခြင်း

ဘ၀မှော်သားဓါတ်ပေါ်မှာ

နက်နက်ရှိုင်းရှိုင်းညှိတွယ်တတ်တဲ့ငါလေ

ဒဏ်ရာတွေစူးနစ်လို့

စာအုပ်တွေချမ်းသာတယ်

လူယဉ်ကျေးတွေမုန်းတဲ့စကားလုံးတွေချမ်းသာတယ်

မချစ်လို့မနမ်းခဲ့တာနဲ့ပဲ

မသိတတ်တဲ့အမိုက်အမဲလို…

ရိုးသားတယ်ဆိုတာ

ကိုယ်သီလကို ကိုယ်ပြန်မခိုးသူအတွက်

လူတွေယုံကြည်အောင်တော့လျှောက်မလုပ်ပြတတ်ဘူး

ကိုယ့်တရားနဲ့ကိုယ်ခေါင်းမာရင်း

ကိုယ်ငရဲကိုကိုယ်တိုင်စီရင်ခဲ့တယ်…

သံသရာဆိုတာ

ခဏခဏမှတ်တိုင်မှားဆင်းမိသူလို…

အခုရောက်နေတဲ့လမ်းခုလတ်မှာ

ကဗျာဖွဲ့မိပြန်တယ်…..

မိုးလှိုင်ည

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...