Sunday, January 6, 2008

အလွမ်း

အလွမ်းတဲ့....
ငါ့ရင်ထဲကိုမုန်တိုင်းလိုချေမွတယ်...
အဲဒီဟင်းလင်းပြင်ထဲမှာ
သတိရခြင်းတွေစုဖွဲ့လို့...
ကြယ်လေးတစ်စင်းနဲ့ ...
အဆက်အသွယ်မရတဲ့ည
တိတ်ဆိတ်ခြောက်ချားခြင်းတွေကြီးစိုး
ငါ...အလွမ်းကဗျာတွေကိုရိုကျိုးခဲ့ရတယ်..
အလွမ်းကို
ကဗျာဆရာတွေဘယ်လောက်ဖွဲ့ဖွဲ့
ငါ့နှလုံးသားကို မှီအောင် မဖွဲ့ဆိုနိုင်ဘူး
ငါရေးတဲ့...စကားလုံးတွေထက်
ငါပိုလွမ်းခဲ့ရတယ်....
နှလုံးသားကလွဲလို့...ခံစားချက်တွေကို
ဘယ်သူမှသက်သေမပြနိုင်ခဲ့ဘူး...
အလွမ်းပဲလေ...
ငါ့ရင်ခွင်ကို မုန်တိုင်းလိုချေခဲ့တယ်....

မိုး...

1 comment:

  1. ကဗျာတွေကို အသက်ရှင်သန်မှု
    အလေ့အထ တခုလို မှတ်ယူပြီး
    ရေးသားတဲ့
    ကဗျာ ဆရာရဲ့ ရင်ဘတ်ထဲ
    အလွမ်းတွေပြည့်နေခဲ့ပြီနော်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...