Thursday, January 3, 2008

ကျိန်ဆိုခံထားရတဲ့အလွမ်း

အဲဒီနေ့က
ကဗျာစာအုပ်လေးနောက်ကျောမှာ
ဖုန်နံပါတ်လေးချရေးမိတယ်...
ဆက်သွယ်ရေးခိုတွေက
ရာသီဥတုမကောင်းကြောင်းငြင်းဆိုတော့
တိမ်တွေကိုပဲအပြစ်တင်ရမလား
ကောင်မလေးရေ
မင်းနဲ့ငါကြားမိုးသားတွေပိုအုံ့မှိုင်းလာတယ်

အဲဒီညက
ငါဆိုတဲ့သီချင်းတွေမှာအလွမ်းစာသားတွေ
ပိုများနေမလား...
ဘယ်တော့မှမကြွေတဲ့ဂစ်တာလေး
ဒီတစ်ခါတော့ငိုကြွေးနေပြီ...
ကောင်းကင်မှာလည်းကြယ်ရောင်မလက်တော့
သိပ်သည်းတဲ့အမှောင်ထဲမှာပဲ
အ၀ါရောင်တိမ်တိုက်တွေရဲ့အလျား

ငါ့ကိုဖမ်းစားထားတဲ့နတ်ဆိုးတွေရဲ့
ကျိန်စာတစ်ထပ်ကို
စိတ်ရှည်လက်ရှည်ဖွဲ့နွဲ့မိတယ်...။

မိုးလှိုင်ည

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...