Monday, April 30, 2007

ဘ၀တစ်ခုရဲ့ ပြဇာတ်

ငါတို့အားလုံးဟာသံသရာဧည့်သည်တွေဆို
ခဏတာတွေ့ဆုံခြင်းမှာဘာဖြစ်လို့များ
မုန်းတီးခြင်းတွေစားသုံးအုံးမှာလည်း
ကြည်လင်သာယာတဲ့ရာသီတွေလို
ငါတို့နှလုံးသားတွေလှပနေပါစေ
လူဘ၀ဇာတ်ထဲမှာအငိုအချွှဲနဲ့မျက်ရည်ဝဲရတဲ့
မင်းသားမင်းသမီးလုပ်မယ့်အစား
အားလုံးကိုပျော်ရွှင်စေမယ့်
လူပြက်တစ်နေရာပဲပေးပါ
ငါကျေနပ်ပါတယ်
ငါဆုတောင်းလိုက်ပါရစေ
ရက်စက်တဲ့အသည်းနှလုံးတွေကြားက
မီးတောက်တွေကိုကမ္ဘာမြေပေါ်မှာ
ကူးစက်မလောင်ပါစေနဲ့လို့။

မိုးလှိုင်ည
အဖြူရောင်ကင်းဗတ်စများ(2003)

Saturday, April 28, 2007

လည်ဆံမွှေးပါတဲ့ခွေး

အစိမ်းရောင်ခြသေ့င်္ရုပ်
သမ္မဂ္ဂကိုအပြတ်ဖြုတ်မလို့တဲ့လား
ဝါးရင်းတုတ်တွေနဲ့
ဂတ်စတာပိုတွေလို
လည်ဆံမွှေးတပ်ထားတဲ့စစ်ခွေးတွေက
သူတို့လည်းပြည်သူပဲတဲ့
ဘာကိုမုန်းရမှန်းမသိတဲ့အပိန်းတွေက
အမျိုသားရေးလို့အသံကောင်းဟစ်ချင်သေးတယ်
သမိုင်းကိုသေချာကြည့်ရင်
ဘယ်လက်နက်ကိုင်ဓားပြမှ
တိုင်းပြည်ကိုမချစ်ကြဘူး
တပ်ဦးကသမ္မဂ္ဂဟာ
ပြည်သူအတွက်တာဝန်ကျေတယ်။
ကျောင်းသားလူငယ်တွေရဲ့သွေး
လမ်းတွေပေါ်မှာမပျောက်သေးဘူး
သမိုင်းဟာဘယ်လောက်လိမ်လိမ်
တစ်ချိန်ချိန်ပေါ်တာပဲ
အမှန်တရားဟာ
အားလုံးရဲ့ရင်ထဲမှာ
လည်ဆံမွှေးပါတဲ့ခွေးတွေ
မနက်ဖြန်မှာအမြှီးကုပ်နောက်ဆုတ်နေရမယ်။

မိုးလှိုင်ည

အားမာန်

မငိုကြွေးတော့ပါဘူး
အဖေပျိုးခဲ့တဲ့အားမာန်
လောကဓံအချိုးအကွေ့မှာ
အလိုက်သင့်နေတတ်ဖို့
ရင့်ကျက်နေခဲ့ပြီ။

ပြိင်ပွဲတွေရဲ့မာယာဟာ
အနိုင်အရှုံးလှည့်စားမှုဆိုတာ
အဖေပြောပြတော့
ဘ၀လွင်ပြင်ကျယ်ကို
မုန်တိုင်းဆင်ဖျက်ဆီးမယ့်
ကံကြမ္မာရဲ့အင်အားကို
အထင်မှားကြောက်ရွံ့မနေတော့ပါ။

ဖြစ်တည်မှုလောင်းလှေကို
ဥာဏ်ပညာတက်မနဲ့ထိန်ကြောင်းရွက်လွှင့်
အဖေသင်ခဲ့တဲ့ပင်လယ်ပြင်အကြောင်းကို
တံငါကောင်းတစ်ယောက်လိုသိခဲ့ပြီ။

မိုးလှိုင်ည
ရုပ်ရှင်အောင်လံမဂ္မ္ဂဇင်း(၂၀၀၄)

Monday, April 23, 2007

သို့...ဖေဖော်ဝါရီ

ဖေဖော်ဝါရီရေ
ငါကအောက်တန်းကျပါတယ်ကွာ
မင်းရဲ့ခြေဖမိုးလေးတွေကိုခိုးနမ်းချင်တဲ့စိတ်
အိပ်မက်ထဲမှာတောင်ဖြေသိမ့်လို့မရဘူး
အိတ်ကပ်ထဲမှာငွေတစ်ထောင်မပြည့်တတ်ပေမဲ့
ချစ်သူကိုတော့ပြင်သစ်ကော်ဖီမှတိုက်ချင်ခဲ့တာ
ဘ၀ကိုသရုပ်မှန်ဝါကျတစ်ကြောင်းနဲ့ရေးပြရင်
ငါမကောင်းဘူးဆိုတာထက်
ဘာထပ်မံဖြည့်စွက်ဖို့လိုအပ်မလဲ
ဘ၀ကိုအကြိမ်ကြိမ်ငြီးငွေ့ခဲ့ပေမဲ့
မင်းကိုချစ်တဲ့ကိလေသာနှောင်ကြိုးနဲ့တင်
ငါဆက်လက်အသက်ရှင်ခွင့်ရချင်ခဲ့တယ်
ခွင့်လွှတ်ပါဖေဖော်ဝါရီ
ဒီကဗျာကိုငါမရေးသင့်ပေမဲ့
မင်းအကြောင်းမပါရင်ငါကဗျာဖွဲ့လို့မရဘူး
ငါဟာမအောင်မြင်တဲ့အရူးတစ်ယောက်ပါ
ခွင့်လွှတ်တော့ဖေဖော်ဝါရီ...။

မိုးလှိုင်ည

Sunday, April 22, 2007

သေခြင်းအလွန်

သူမကိုအားလုံးကထားရစ်ခဲ့တာလား
အာလုံးကိုသူမကထားရစ်ခဲ့တာလား
လတ်လတ်ဆတ်ဆတ်ကျင်းထဲမှာတော့
မြေမှုန့်ဖြစ်မယ့်သူမကိုမြေမှုန့်တွေကဖို့လို့
ရင်ခွင်မဲ့သားငယ်သမီးငယ်တို့ငိုကြွေးသံ
သူမခံစားနိုင်စွမ်းမဲ့ပြီ
ဘ၀ကိုသီခဲ့တဲ့သက္ကရ်ဇ်တွေကသူမအတွက်
ရပ်တန့်ကြေမွသူမအသက်ထပ်မကြီးရတော့ဘူး
ခရီးဝေသွားတာမဟုတ်လို့ပြန်လာမယ့်နေ့ကိုလည်း
စောင့်ကြိုနေစရာလည်းမလိုတော့
ဖြေသိမ့်မေ့ပစ်လိုက်ဖို့ကြပြန်တော့
သူမဆီစုံမက်နှစ်သက်စရာတွေကမကျေနပ်ကြပြန်ဘူး
ဒါပေမယ့်...သူမက
လူ့ဘ၀ကအနားယူအိပ်စက်နေပြီ...။

မိုးလှိုင်ည

Saturday, April 21, 2007

ဖေဖော်ဝါရီရယ်

မင်းအကြည့်မျှားတစ်စင်းကငါရင်ကိုခွင်းခဲ့ပေါ့
ဖေဖော်ဝါရီရယ်
ဒီလ်ုနဲ့နွေဦးပေါက်ရာသီမှာ
ပေါဂေါ်ဂင်ကပါရီကိုကြောက်သလို
မိုးလှိုင်ညကရန်ကုန်ကိုကြောက်နေတယ်
ငမိုးရိပ်ချောင်းကိုဖြတ်ပြီးငါမင်းဆီမရောက်နိုင်တော့ဘူး
မှန်ခန်းနဲ့ကော်ဖီဆိုင်မှာဂျပ်စမင်တီးကို
ငွေနှစ်ရာပေးပြီးမသောက်နိုင်တော့ဘူး။
တကယ်တော့ငွေကြေးဆိုတာအနုပညာသမား
အတွက်အညစ်အကြေးပါတဲ့...
လူမသိသူမသိအခန်းကျဉ်းထဲကနေ
မင်းကိုချစ်တဲ့အကြောင်းတွေ
မဆုံးနိုင်အောင်ငါဖွဲ့နွဲ့နေတယ်
တစ်နေ့နေ့ငါတိုတွေပြန်တွေ့ကြရင်.....
ဖေဖော်ဝါရီရေဒဏ်ရာတွေကိုလျှာနဲ့လျက်နေတဲ့
တောခွေးတစ်ကောင်လို ငါအိဒြေရရနေတတ်ပြီ။

မိုးလှိုင်ည

Wednesday, April 18, 2007

၂၀၀၅..ဇွန်..ဒိုင်ယာရီ

မျက်နှာတွေအားလုံးရဲ့ဖတ်ဖူးတဲ့
အဓိပ္ပါယ်အရငွေဟာနတ်ဘုရား
ဆိုတဲ့အကြောင်းငါနားလည်မိတယ်
အမေကငွေမက်တယ်
ချစ်သူကငွေမက်တယ်

ငါ့ကိုတော့ဘယ်သူမှမမက်ဘူး

ဒဏ်ရာအနာတရတွေနဲ့
စင်ကြယ်လာတဲ့အသိတရားမှာ
ငါ့ကိုငါ့ခမ်းနားထားမိတယ်...။

ဘယ်သူမှငါ့အနားမှာမရှိလည်း
ပရမတ်တရားကငါ့နံဘေးမှာ...
အားလုံးကမောင်းနှင်ထုတ်လိုက်တဲ့အခါ
ကောင်းမြတ်ခြင်းဟာငါနဲ့အတူ
လမ်းလျှောက်ထွက်လို့....။

ယုံကြည်တယ်
လမ်းဟောင်းကခွဲထွက်လာပြီးတဲ့နောက်
ဘယ်သူမှမသိတဲ့ ကမ်းခြေအသစ်ဆီ
ငါဆိုက်ရောက်မယ်ဆိုတာ...။

မိုးလှိုင်ည

Tuesday, April 17, 2007

ရှုံးနိမ့်သူ မာလိန်မှုး

အရာအားလုံးပြီးဆုံးသွားတဲ့နောက်
ကမ္ဘာမြေကိုသတိရခြင်းတွေနဲ့ပြန်လှည့်ကြည်ံ့မိတယ်
ကျွန်တော်အလိုချင်ဆုံးမေတ္ဘ္တာတရားတွေက
ကျွန်တော်အတွက်ရေခန်းငါးဖြစ်ခဲ့ပြီ
အခုကောင်းကင်မှာပေကျံနေတဲ့
မုန်းတီးမှုအနံ့အသက်တွေရနေတယ်
ကျွန်တော်နဲ့အဆက်အသွယ်မရတော့တဲ့
ချစ်ခြင်းတရားများ
ကျွန်တော်သံလိုက်အိမ်မြှောင်ကပင်လယ်ထဲမှာ
ကျွန်တော်တတ်နိုင်သမျှအကောင်းဆုံးနေထိုင်ခဲ့ပါတယ်
ကျွန်တော်မှားရင်ခွင့်လွှတ်ပါ
ကမ္ဘာကြီးမှားရင်လည်းကျွန်တော်ခွ့င်လွှတ်တယ်
မုန်တိုင်းနဲ့လှိုင်းလုံးကြားမှာအဆုံးအရှုံးများဖူးတဲ့
တက်မဲ့ရွက်ပျက်လှေတစ်စင်းဟာ
ဘယ်သောင်ဘယ်ကမ်းကိုမှရည်ရွယ်ရင်းမရှိတော့ပါဘူး
မုန်တိုင်းနဲ့စစ်ခင်းဖို့အတွက်ကိုပဲ
ပင်လယ်ထဲကို....။

မိုးလှိုင်ည

Friday, April 13, 2007

မိုးလှိုင်ည

ဆောင်းခိုငှက်တွေလည်း
ရောက်ရောက်လာတယ်
မုန်တိုင်းကြိုငှက်တွေလည်း
ရောက်ရောက်လာတယ်
ပြီးတော့လည်းကိုယ်မျော်လင့်ချက်နဲ့ကိုယ်
ပြန်ပြေးသွားတတ်ကြပေါ့
သူမှာသာငူငူကြီးငေးနေခဲ့ရတယ်
ပင်လယ်ရဲ့မျက်နှာကြတ်ဆီက
စိုင်ဖွဲ့လာတဲ့တိမ်တွေကိုလေ...။

မိုးလှိုင်ည

စုံထောက်မဂ္ဂဇင်း။ဇန်န၀ါရီ။၂၀၀၅

Wednesday, April 11, 2007

မျှားနေသူများ

တံငါတွေကငါး ကိုမျှားတယ်
ပင်လယ်တွေက
ငါးတွေနဲ့တံငါတွေကို ပြန်မျှားတယ်
ငါက ခံစားချက်နဲ့ကဗျာတွေမျှားတယ်
ကဗျာတွေက စာမူခနဲ့ငါ့ကိုပြန်မျှားတယ်
ငါက အချစ်စစ်တွေနဲ့မင်းကိုမျှားတယ်
မင်းကအလှတရားနဲ့ငွေကြေးတွေကိုမျှားတယ်
်ငါတို့အားလုံးမျှားနေကြတယ်....

မိုးလှိုင်ည

Sunday, April 8, 2007

ဂုဏ်သရေရှိ နေ့လည်စာ

အ၀စားထမင်းဆိုင်လေးမှာ
ငါးရာတန်အနွမ်းနှစ်ရွက်နဲ့
ကျွန်တော်မာန်တက်နေတယ်။
(အဖေဘာဟင်းနဲ့စားမလဲ)
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်မှာ
ဒီအသံကိုဒီတစ်ခါပဲကြားဖူးတာ
ကိုယ့်နားကကိုယ့်ကိုပြန်မယုံချင်ဘူး….။

(မင်းထမင်းစားရမှာ ငါမျိုမကျပါဘူးကွာ)
တဲ့ အဖေက
ကျွန်တော်ရိုးရိုးသားသားရှာဖွေထားတဲ့
စာမူခပိုက်ဆံပါအဖေ......။

ဘ၀မှာကိုယ်ဝါသနာပါတဲ့အလုပ်ကို
လုပ်ခွင့်ရတဲ့ကံတရားကလူတိုင်းမရကြဘူးလို့
ရုံးစာရေးအဖေက သက်ပြင်းရှည်ချပြီးပြောတယ်
အဖေကော
ဝါသနာပါတဲ့အလုပ်ကိုလုပ်ခွင့်ရသလား
လုပ်နေတဲ့အလုပ်ကိုကောအဖေ၀ါသနာပါလား
ကျွန်တော်မစဉ်းစားအားပါဘူး
ချစ်သူနဲ့လျှောက်လည်ဖို့ အဖေအိတ်ထဲက
ထောင်တန်တစ်ရွက်အလစ်နှိုက်ခဲ့ဖူးတဲ့ကောင်
ကျောင်းလခတွေကိုလိမ်တောင်းပြီး
သူငယ်ချင်းတွေနဲ့ ဘီယာသောက်ပစ်တဲ့ကောင်
အခုနေ့လည်စာမှာတော့
ကိုယ့်ကိုယ်ကို တစ်ခါဝင့်ကြွားမိတိုင်း
ကိုယ့်ကိုယ်ကိုတစ်ခါပြန်ရှက်ရနေတယ် .......အဖေ။

မိုးလှိုင်ည

နှုတ်ဆက်သီချင်းမယ်လိုဒီ

လက်ပြနှုတ်ဆက်ဖို.သက်သက်ကိုပဲ
ဆုံတွေ့ခဲ့ရတာလား ... အချစ်ရယ်
အလွတ်ရနေကြနှုတ်ဆက်စကားတွေက
ငါတို့နှစ်ဦးကြားမှာသုညဒီဂရီအောက်အေးခဲလို့
တိမ်တွေရဲ့သရော်မော်ကားအကြည့်မှာတော့
မင်းရောငါရောမသိတဲ့မနက်ဖြန်တွေရှိတယ်
အခု ငါတို့လမ်းခွဲတွေဆီပြန်ကြစို့
ဒီထက်ပိုနောက်ကျခဲ့ရင်နှလုံးသားကို
ဒီရေလွှမ်းတော့မယ်
မီးပြတိုက်မရှိတဲ့ကမ်းမှာငါကဘယ်ကျောက်ဆောင်ကို
ခေါင်းနဲ့တိုက်ရမလဲ
ကံတရားကိုရယ်မောဖို့အတွက်ပါပဲ
ကံတရားကိုရယ်မောဖို့အတွက်ပါပဲ
ငါတို့ဝမ်းနည်းနေပေမဲ့ပြုံးပြတတ်ရမယ်လေ
တကယ်တော့ အချစ်ရယ်
အချစ်ဆိုတာမှန်ပုံးထဲကပင်လယ်တစ်ခုပါ
ငါတို့ကူးခတ်နိုင်သလောက်ဘယ်တော့မှခရီးရောက်မှာမဟုတ်ပါဘူး...


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...