Tuesday, December 11, 2007

လမ်း

ခရီတစ်ဆုံး

မျော်ခေါ်လိုက်တိုင်း

နွမ်းကြေသွားတဲ့မျော်လင့်ချက်တွေ…

အိပ်မက်တွေပြန်မပြောကြေး

ဒဏ်ရာတွေအံကြိတ်နေခဲ့တာတောင်

အမေ….

ကျွန်တော်ငိုနေတာကို

ဘာလို့ကြိုသိနေရတာလဲ…ဟင်

နှစ်နှစ်ဆယ်ကျော်ပျံသန်းလာတဲ့ခရီးမှာ

ကျွန်တော်နာမည်ဟာ

အရင်လိုမာကျောတုန်းပဲ..အမေ..

လောကကြီးနဲ့ကျွန်တော်အသားမကျဘူး…။

လမ်းပေါ်မှာ လေလွင့်နေတဲ့ကျွန်တော်

ကဗျာစာအုပ်တစ်အုပ်နဲ့တစ်ညလုံး

တိတ်ဆိတ်နေလိုက်တယ်…

ရာစုသစ်ကြီးခေါ်တာတောင်

ကျွန်တော်ပြန်မထူးမိဘူး…..။

မိုးလှိုင်ည

3 comments:

  1. ဆီပုံးမရှိလို့ ဒီမှာ ပဲ ၀င်ရေးသွားတယ်
    မရောက်တာကြာလို့ ၀င်လာတာ ..

    ကဗျာလေးတွေ ဖတ်လို့ ကောင်းတယ်

း)

    ReplyDelete
  2. ရာစုသစ်ကြီးခေါ်တာတောင်
    ကျွန်တော်ပြန်မထူးမိဘူး…..။

    အစ်ကိုရေ
    ကဗျာတွေဖတ်ရတာ
    ကောင်းလိုက်တာ
    စာသားတွေကအားပါလိုက်တာနော်

    ReplyDelete
  3. 96 ကျောင်းသားလှုပ်ရှားမှု update တင်ထားပါတယ်။ လာဖတ်ပါအုံး :)
    ညိုထက်ြို
့http://smsy.iblogger.org

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...