Thursday, December 6, 2007

မျော်စင်

ကောင်းကင်နိမ့်မှ လမင်းကိုဖမ်းမယ်
အမှောင်တွေနဲ့မြုံးထောင်လို့.......
မျော်လင့်ချက်တစ်သန်းနဲ့စိုက်ပျိုးထားတဲ့
ယာခင်းအိုလေး အသီးမတိုးသေးပါလား
မိုးတစ်ဖြိုက်နှစ်ဖြိုက်ကျလာရင်တော့
ပိတောက်တွေစောပွင့်လောက်ရောပေါ့
နွေဦးကလည်းမရောက်သေးပြန်ဘူး...
စုဗူးဖောက်ချိန်ရောက်တာတောင်
စုဗူးလေးကပြည့်အန်မလာဘူး
ခက်နေတာကအလွမ်း
ကောင်းကင်နိမ့်မှ လမင်းကိုဖမ်းတော့မယ်...

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...