Saturday, October 20, 2007

အနံ့

အပေါစားရေမွှေးနံ့ထဲက ထွက်လာသလား
မြို့ပြရဲ့ အစာချေလမ်းကြောင်းထဲကထွက်လာသလား
သူမဆီက အနံ့တစ်ခုရတယ်။

ပလက်ဖောင်းနဲ့ ဓာတ်တိုင်မှာ
အမြစ်တွယ်နေတဲ့ အနံ့
လော်လီမှုမိတ်ကပ်နဲ့
ရောစပ်ထားတဲ့အနံ့
တစ်လောကလုံးပုပ်ဟောင်နေတဲ့အနံ့။

မင်းရုပ်မင်းရည်ကလေးမှအားမနာ
ဒီလမ်းကို ဘာလို့ရွေးရတာလဲကွာ
ဒါဆိုကျွန်မ ဥက္ကာပျံတွေအကြောင်းလေ့လာချင်တယ်လေ
လေ့လာချင်တယ်ရမလား
သူမ မာနကို
သူမပိုက်ဆံအိတ်ထဲ ထည့်
ကားဟွန်းသံအတိုင်း ထွက်ခွာသွားလေရဲ့။

နှစ်ဆယ့်တစ်ရာစု
အစပ်နားက ငါသာ
ဘယ်လမ်းရွေးပြီးဘယ်အိမ်ပြန်ရမလဲ
ငါ့မှာ
ပြန်စရာလမ်း မရှိဘူး။

မိုဃ်းဇော်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...