Thursday, September 13, 2007

နှလုံးသားကို Enter လိုလာမခေါက်နဲ့

အခုထက်ထိ
ချစ်တယ်ဆိုတဲ့စကားမဆုံးသေးဘူး
မင်းဖုန်းက လေးခါရှိပြီ…
ငါသိတယ်…
မင်းက အလုပ်ကိစ္စတွေပါလို့ပြောဦးမှာ
မင်း Dress အတွက် စပွန်ဆာတွေက
ဆက်တာလား…
ခြေသည်းအလှဆင်တဲ့ဒီဇိုင်းအသစ်ထွက်ပြီလို့
မင်းသူငယ်ချင်းကြွားတာလား…
Supermarket တွေမှာ လည်ပတ်ဖို့
ကတက်ရှာတွေ့ပြီလို့ မင်းကိုယ်ရေးအရာရှိက
အသိပေးတာလား…
တခုခုတော့ဖြစ်မှာပဲ…
ငါကလည်း သိသိနေတတ်တယ်
ပြီးရင်မင်းက အွန်လိုင်းပေါ်တက်ဦးမယ်
Burglish တွေနဲ့ မင်းကခေတ်မှီမှီ
chatting ၀င်ဦးမယ်…
ဘာသာစကားခြောက်မျိုးကို
အကျိုးအပျက်လောက်တတ်ပြီး
ရည်းစား ၁၂ ယောက်လောက်ထားဦးမယ်
ရှင့်အကြင်နာတွေအတွက်တော့
ကျေးဇူးတင်ပါတယ်…
ဒါပေမယ့် အလှတရားဟာ
ငွေနဲ့စက်ဝယ်ထားတာလို့
မင်းငါ့ကိုပြောဦးမယ်…
ကျွန်မရှင့်အပေါ်မှားခဲ့ရင်လည်း
မုန်းလိုက်ပါတဲ့…
အဲဒီလိုလာမနွဲ့နဲ့ကောင်မလေးရယ်
မင်းအလှတရားကို လေလံပစ်တဲ့ပွဲမှာ
ရှိစုမဲ့စုမေတ္တာတရားနဲ့
ဈေးဖွင့်မသွားချင်ဘူး…
ယုံပါ…ငါဟာအရူး
မင်းကိုချစ်မိတယ်ဆိုတာကို
ရဲဝံ့စွာဖြောင့်ချက်ပေးပါတယ်
မင်းရဲ့ကြွယ်ဝတဲ့လေလံပွဲကို
မယောင်မလည်ရပ်ငေးမိတဲ့
သူဆင်းရဲသားရဲ့ နှလုံးသားကို
Enter လို မခေါက်ရင်တော်ပြီ…
ငါလည်းချစ်မိတယ်…ကောင်မလေးရယ်…
မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...