ဘိသိက်ဆရာက မြို့ကွက်ကို
ပန္နက်ရိုက်သလိုမျိုး
သူရဲကောင်းတွေက အမှန်တရားကို
သွေးစက်တွေနဲ့ ပန္နက်ရိုက်တယ်
မြို့ပြကြီးတွေ ပျက်စီးသွားပေမယ့်
သူရဲကောင်းတွေ ကျန်ခဲ့တယ်
ငါတို့ရဲ့ နှလုံးသားမှာ
အေသင်မြို့သား ၁၀ ယောက်စာပဲ ကျန်တော့တယ်…။
ပြီးတော့ဝေသာလီ
လဇ္ဖ၀ီမင်းများ…
လိမ်စရာရှိရင် လိမ်
မိုက်စရာရှိမိုက်
အာဏာနဲ့ငွေကြေးကို
သေနတ်ပြောင်းဝက ပေးတယ်…
အဲဒီ လူလွန်မသားတွေ…
မြေကြီးပေါ်က ခေါင်းတစ်လုံးစာကြွရင်
ခေါင်းတစ်လုံးဖြတ်မယ်ဆိုပဲ…
ဓါးတွေ သွေးမတိတ်ခဲ့ဘူး…။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တဲ့…
လူ့အခွင့်အရေးတဲ့…
ခပ်ဝေးဝေးက ကြားဖူးတယ်
ငါတို့ဆီ ရောက်မလာခဲ့ဘူး…
သူရဲကောင်းတွေက မြို့ကြီးကို
သွေးပန္နက်ချနေတုန်း…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
ကိုမိုးလှိုင်ညရေ။
ReplyDeleteသွေးပန္နက်ချသူများကို ဦးညွတ်ရင်း ကဗျာတွေ လာဖတ်သွားပါတယ်ဗျာ။