Wednesday, September 19, 2007

ဇာတ်သိမ်းခန်း

(အချိန်)
စစ်ဖိနပ်အောက်
နွေမိုးဆောင်း ၁၉ ခုမြောက်တဲ့နေ့။

(နေရာ)
ရွှေတိဂုံ၊ ဆူးလေ စသည့်
ရန်ကုန်မြို့တန်ခိုးကြီးဘုရားများ။

(ပါဝင်သရုပ်ဆောင်သူများ)

လူကြမ်းများအဖြစ်..
အမှန်တရားကို သေနတ်ပြပြီး ဖုံးကွယ်
မာရ်နတ်ကို ကိုးကွယ်တဲ့လူတွေ။
အာဏာကို ကာလာစုံပြောင်း
ကောက်ကျစ်မှု သရဖူဆောင်းသူတွေ။

ပြည်သူ့ဘက်တော်သားများအဖြစ်
ငြိမ်းချမ်းရေးကို မြတ်နိုး
ပြည်သူတွေ ကြည်ညိုရှိခိုးတဲ့ သံဃာများ။
မကောင်းဆိုးရွားတွေကို တောထုတ်
ပရိတ်သုတ်တွေ ရွတ်ဖတ်တဲ့ သံဃာများ။

ကြည့်ရင်း
မျက်ရည်က ဝေ့ကနဲတက်လာတယ်။

လူကြမ်းတွေ
ဇာတ်ကြမ်းမတိုက်ခင်
မြန်မြန်သေရင် ကောင်းမယ်
အဲဒီလို ဆုတောင်းပြီး
ခပ်မြန်မြန်လေး ဇာတ်သိမ်းလိုက်တယ်။

ညီမင်းနိုင်
စက်တင်ဘာ ၁၈ရက်၊ ၂၀၀၇

ယနေ့ မြန်မာနိုင်ငံတ၀ှမ်းမှာ ငြိမ်းချမ်းစွာသပိတ်မှောက်ကြတဲ့ ဘုရားသားတော် သံဃာတော်တွေကို လေးစားကြည်ညိုစွာဖြင့် ဒီကဗျာကို ရေးပါတယ်။



Read More...

Summary only...

ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 5:43 PM 2

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...