Friday, September 14, 2007

ဥယျာဉ်

ကောင်မလေးရေ
ဘာလို့များ ငါ့အတွေးတွေကို
ရှုပ်ထွေးစေတာလဲ....
ငါ့ဘယ်သူလဲလို့
မင်းဘာလို့မေးတာလဲ...
ငါဟာလူတစ်ယောက်ပါကွယ်
ကမ္ဘာမြေကြီးကိုမေတ္တာတရားနဲ့စောင့်ရှောက်ချင်သူပေါ့
ကောင်းကင်နဲ့မြေကြီးကြား
အလှတရားများစွာနဲ့
ပန်းတွေပွင့်ဝေကြတယ်
ကောင်းကင်ဆိုတဲ့ကောင်မလေးရေ
ငါဟာမြေကြီးသားဘ၀ပါ
မင်းပန်ဆင်မယ့် ပန်းအလှတွေကို
စိုက်ပျိုးသူပေါ့

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...