Tuesday, September 11, 2007

ဂျစ်ပဆီအိပ်မက်

လမ်းပေါ်မှာ ရွေးချယ်လိုက်ဖို့က
ပလက်ဖောင်း ညဈေးတန်း
ခုံပုလေးတွေချထားတဲ့
အမြန်စား ထမင်းကြော်ဆိုင်…
ဈေးသက်သာတဲ့ အကြော်အလှော်တစ်ပွဲ
ခပ်ပေါပေါစီးကရက်ကို
နှစ်ရှိုက်သုံးရှိုက် ဆင့်ဖွာလိုက်တယ်
ခေါင်းထဲမှာ အမှိုက်တွေချည်းပဲ
LP ကဗျာတဲ့၊ ပို့စ်မော်ဒန်ခေတ်သစ်
၂၁ရာစုလှိုင်းနဲ့ ကဗျာသမိုင်းတဲ့
ငါ့ကိုယ်ငါ ရွံ့ရှာခဲ့တာ ကြာပြီ…
အိမ်ကလေးတစ်လုံးတဲ့
လောကဓံဆီးနှင်းတွေ ဖုံးလွှမ်းသွားခဲ့တယ်
ဖေဖော်ဝါရီ ငါ့ဆီခြေဦးမလှည့်တာ
နှစ်ထောင့်နှစ်ည
ငါ ပုံပြင်တွေအလွတ်ရသေးတယ်…
ခုချိန်ဆို သူမအိပ်စက်နေပြီပေါ့
ကြယ်တွေကို အမှတ်မထင်မော့ကြည့်မိတယ်
ရန်ကုန်ဟာ ပါရီမဟုတ်တော့
လမ်းပေါ်မှာ ငါတစ်ယောက်တည်း
ခွက်ချင်း လဲသောက်လိုက်တယ်
ငါနဲ့ငါ့အတွက်…
အိပ်စက်နေသူအားလုံးက
ငါ့အိပ်မက်တွေ ခိုးယူသွားပေါ့…။
ဇာတ်လမ်းကို ပြန်ဆက်မယ်လုပ်တော့
ငါ့ရင်ထဲကထွက်လာပြန်ပြီ… ကဗျာ…။
မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...