Tuesday, August 7, 2007

မွေးနေ့

အမှတ်တရရှိနေကြပါ
သေခြင်းတရားဆီသွားနေတဲ့ခရီး
အခုမိုင်တိုင်အမှတ်-၂၅
အောင်မြင်နာကျင်စွာဖြတ်သန်းပြီးစီး
သွားခဲ့ပေါ့...
မှားစရာရှိတော့မှားခဲ့တယ်
သွားစရာရှိတော့သွားခဲ့တယ်
အခုတော့
လမ်းခုလတ်မှာပဲ
ကိုယ့်ဒဏ်ရာတွေကို
ကိုယ့်ကိုယ်ကိုသရုပ်ပြတင်ဆက်ရင်း
လူ့ဘ၀ကိုမပျင်းရအောင်
လောကဓံရှစ်ပါးကို
ရာသီလိုက်မှီဝဲရင်း
မေမေရယ်
ကျွန်တော်ဆိုးသွမ်းနေဆဲဆိုရင်တောင်
မလွတ်ကျွတ်သေးတဲ့တေးသွားတစ်စနဲ့
မေမေ့ကိုတိုင်တည်ရွတ်ဆိုခဲ့ပါတယ်
မွေးနေ့တဲ့
မေမေပေးခဲ့တဲ့ရှင်သန်နေမှုပါပဲ...

မိုးလှိုင်ည

moehlaingnya

5 comments:

  1. မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ
    ပျော်ရွှင်နိုင်ပါစေ မိုးလှိုင်..း)
    ကဗျာတွေ ဒီထက်များများ ရေးနိုင်ပါစေး)
    ကျန်းမာပါစေး)
    ဆေးလိပ်လျော့သောက်ပါစေး)
    ဖေဖော်ဝါရီရေ.. လို့ အမြဲအော်နိုင်ပါစေး)

    ReplyDelete
  2. Sorry Brother, I am late to your B-day. May I wish for you. May Our Poet Have Many More Happy and Peasceful Birthays!

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...