Tuesday, August 21, 2007

ချစ်ခြင်း

မှော်ဆရာတစ်ယာက်ရဲ့
လှုပ်ရှားမှုကိုလိုက်ကြည့်နေရသလိုမျိုး
ချစ်သူ့မျက်နှာပေါ်မှာ
ဖြတ်သန်းသွားလာနေတဲ့ ခံစာချက်တွေ..။
လပြည့်ညတွေမှာ
အလင်းဖြူတွေရဲ့
ဖမ်းစားမှုသီအိုရီကိုစဉ်းစားတွက်ချက်..။
ချစ်သူနဲ့
လပြည့်ညတွေဘယ်လိုပက်သက်ခဲ့သလဲ…
အတိုင်းအဆမဲ့မြတ်နိုးမှုကို
ဘယ်အရာတွေက
တားဆီးကန့်သတ်ထားနိုင်မလဲ
ငါ့ရင်ထဲမှာ အတိုင်းအဆမဲ့ချစ်ခဲ့တာ….

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...