Tuesday, August 21, 2007

ရန်ကုန်မြို့၊ပလက်ဖောင်းကဖေး၊ပိုစ့်မော်ဒန်ညနေခင်း

တစ်ယာက်၊နှစ်ယောက်၊သုံးယောက်၊
လေးယောက်….
ဘ၀ကိုခပ်ကျကျမှာသောက်ပစ်လိုက်တယ်…
ပေးချင်လို့ဘလော့ရေးတာပါ
တစ်ယောက်ကစပြောတယ်
ခလေးတို့ရေခဏနေကြပါဦး
ဂန္ထ၀င်မမလမ်းလျှောက်လာတယ်
ကမျုး၊ဆတ်၊ဂျိမ်းဂျိုက်၊ကပ်ဖကာ၊
ငါတို့စကားဝိုင်းထဲဝင်လာကြတယ်…
ကော်နက်ရှင်မကောင်းပေမယ့်
ချစ်ခြင်မေတ္တာကို Downloadလုပ်လို့ရသေးတာပဲ
ဂီလိုတင်းဓားစက်တွေအကြောင်း
လေ့လာဖူးမှကောင်းမှာပေါ့
သောက်လက်စစီးကရက်ကို
ခပ်မြန်မြန်တောက်ထုတ်ပစ်လိုက်တယ်
မေတ္တာဖြင့်တားမြစ်ဖူးသူတစ်ယာက်ကို
သတိရလို့…။
တတိယလှိုင်းပေါ်မှာ
အနုပညာသမိုင်းသစ်ရေးမှဖြစ်တော့မယ်…
NetworkCableတွေကိုအသွေးအသားနဲ့ပူးချည်ဖြစ်ခဲ့တယ်
ညနေ၆နာရီ၁၅မိနစ်
ငှက်တစ်ကောင်လိုရုတ်တရက်ထပြန်မိတော့
လက်ပြမတားကြပေးမယ့်
သူငယ်ချင်းတွေနှုတ်ဆက်စကားတွေ
နှလုံးသားနဲ့ဆက်ဆက်ကြားလိုက်မိရဲ့…။

(ကိုမျက်လုံး၊ကိုစစ်အိမ်၊ကိုဖြိုးနဲ့ပိုစ့်မော်ဒန်ညနေခင်းလေးသို့)

မိုးလှိုင်ည

2 comments:

  1. ၀ိုးးးး မိုက်တယ် ကိုမိုးလှိုင်ညရေ။ ဒီကဗျာကို ကြိုက်တယ်။ စကားမစပ် လင့်ခ်လုပ်ထားလိုက်တာ ခွင့်မတောင်းတော့ဘူးနော် :)

    ReplyDelete
  2. ကိုမိုးလှိုင်ည ကျေးဇူးဗျာ-

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...