Tuesday, August 7, 2007

မှော်သားမီးလျှံ

လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇ၀င်
အပီပြင်ဆုံးဖြစ်စေမယ့်
ဟောဒီစကာလုံးများရဲ့လမ်းမဟာ
ခံစားချက်တွေကိုကိုယ်စားပြုဖက်တွယ်ခဲ့
၉၀ လွန်လူငယ်တွေဟာ
သူ့ယဉ်ကျေးမှုမှာ ထွန်းကားခဲ့ဖူးတယ်။

ဖယ်ပေးလိုက်ကြစမ်းပါ
မာန်နတ်ရဲ့အတွင်းသားကို
လှိုက်လှိုက်လှဲလှဲစားသောက်ဖို့အတွက်
မှော်သားမီးလျှံ ခရီးထွက်သွားပြန်ပြီ။

မျော်လင့်ချက်နဲ့ သေဆုံးနေသူတွေရဲ့
လမင်းကင်ဆာကိုကုစားဖို့
မှော်ဝင်နေတဲ့စကာလုံးတွေနဲ့
သူကိုယ်သူအလောင်ကျွမ်းခံခဲ့တဲ့
မှော်သားမီးလျှံ
ကာလနဲ့အာကာသကိုပါ
ကူးစက်လောင်ကျွမ်းစေခဲ့ပြီ…။

မှော်သားမီးလျှံ=တာရာမင်းဝေ (ကျွန်တော်ညံ့ခဲ့ရင် ခွင့်လွှတ်ပါအစ်ကို)

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...