Thursday, August 16, 2007

နောက်ကျအလွမ်း

ကောင်မလေးရေ
အခုတော့ငါလွမ်းတတ်ခဲ့ပြီ
ရာစုနှစ်တစ်ခုလုံးစာနောက်ကျပြီးမှ…

သုံးဆယ့်တစ်ဘုံအထပ်ထပ်မှာ
လူသားတွေပဲလွမ်းတတ်တယ်လို့
စိတ်ပညာဆရာတွေကဆိုကြပြီ…

ငါမယုံခဲ့ဘူးလေ
နပိုလီယန်နဲ့ဆီဇာကို
အချစ်နွံ့မှာနစ်လို့ရှုတ်ချခဲ့ဘူးတဲ့ငါ
အရှက်ကြီးရှက်နေရပြီ…

မိန်းမတစ်ယောက်ရဲ့အလှတရားမှာ
ဘယ်တော့မှမဇျားနာဘူးလို့
သူငယ်ချင်းတွေကြားမှာ
ကြွားဝါခဲ့ဘူးတဲ့ငါ့ကို
မင်းနဖူးပေါ်ဝဲကျနေတဲ့
ဆံယဉ်စလေးတွေကအစ
ဒဏ်ရာရစေခဲ့ပြီ…

အခုချစ်ခြင်းကိုဖွဲ့ဆိုဖို့
ရာစုနှစ်တစ်ခုစာနောက်ကျခဲ့ပြီ
ငါ့လွမ်းတယ်ကောင်မလေးရေ
ဟောဒီထစ်အနေတဲ့နှလုံးသား
မာနတွေအလုံးစုံချပြီး….
မင်းထားပစ်ခဲ့တဲ့မနက်ခင်းတွေကြား
တတိယထောင်စုနှစ်တစ်ခုလုံးစာ
လွမ်းနေပါရစေတော့
နွေနှောင်းမှာငုဝါတွေပင်လုံးကျွတ်
ပွင့်ဝေနေတဲ့ နေ့ကို….။

မိုးလှိုင်ည

1 comment:

  1. (မင်းနဖူးပေါ်ဝဲကျနေတဲ့
    ဆံယဉ်စလေးတွေကအစ
    ဒဏ်ရာရစေခဲ့ပြီ…

    အခုချစ်ခြင်းကိုဖွဲ့ဆိုဖို့
    ရာစုနှစ်တစ်ခုစာနောက်ကျခဲ့ပြီ
    ငါ့လွမ်းတယ်ကောင်မလေးရေ
    ဟောဒီထစ်အနေတဲ့နှလုံးသား
    မာနတွေအလုံးစုံချပြီး….
    မင်းထားပစ်ခဲ့တဲ့မနက်ခင်းတွေကြား
    တတိယထောင်စုနှစ်တစ်ခုလုံးစာ
    လွမ်းနေပါရစေတော့
    နွေနှောင်းမှာငုဝါတွေပင်လုံးကျွတ်
    ပွင့်ဝေနေတဲ့ နေ့ကို….။)

    အလွမ်းကဗျာတွေ ကြိုက်တတ်လို့ ထင်တယ်.. ဒီစာကြောင်းတွေကို သိပ်ကြိုက်တယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...