Saturday, July 28, 2007

ကျွန်တော်ရဲ့ဆင်ခြေများ

လူ့လောကတောနက်နက်မှာ

အဖေကကျွန်တော့်ကိုရင်ကျက်ဖို့လိုပြီတဲ့

ရင်ကျက်တယ်ဆိုတာဘယ်လိုတရားလဲ

ရှင်သန်ရပ်တည်မှုအတွက်

ဘ၀ကိုခေါင်းငုံ့ထားရရင်း

ရုတ်တရက်မော့အကြည့်

ကောင်းကင်မှာကြယ်တွေရှိသေးကြောင်းသိရတော့

ဘုရားရှီခိုးကျောင်းကခေါင်းလောင်းထိုးသံကြားလိုက်ရရဲ့

ဒါပေမယ့်ကျွန်တော်ဆုမတောင်းချင်ဘူး

နွေဦးပေါက်တိုင်းပါရီကိုရောက်ဖူးချင်တဲ့စိတ်နဲ့

ဗင်းဆင့်ဗန်ဂိုးရဲ့နေကြာပန်းကို

လွမ်းနေတတ်တာကြောင့်

ရင့်ကျက်တယ်ဆိုတာ

ကျွန်တော့်အတွက်မလိုအပ်ဘူးထင်တယ်…အဖေ..။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...