Wednesday, July 18, 2007

ထကြည့်ပါဦးအဖေ

နှစ်ပေါင်းခြောက်ဆယ်ကြာပြီ............
ကျွန်တော်တို့အဖေကို တိုင်တည်ရတုန်း
အဖေလိုကြီးမြတ်တဲ့ပုဂ္ဂိုလ်
ဒီမြေမှာ မပေါ်သေးဘူး.............
အဖေတို့တော်လှန်ခဲ့တဲ့ ကျွန်ပညာရေးက
အဖေလိုသခင်တွေ ပေါ်ထွက်ခွင့်ရသေးတယ်
အခု ကျွန်တော်တို့ သခင်ပညာရေးက
ကျွန်ဆိုးကျွန်ယုတ်တွေ မွေးထုတ်လို့
မြန်မာပြည်ကို အုပ်ချုပ်နေကြတာ
ခွေးမြီးကောက်တွေပဲ အဖေ..........
တစ်ယောက်မှ သစ္စာမရှိကြဘူး
အမျိုးသားခြင်း ကျွန်ပြုစနစ်ကို
အဖေသာကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ......
သိပ်ယုတ်မာတယ် အဖေ
အချင်းချင်းကိုတော့ ခေါင်းကိုချည်းဖိနင်းတယ်
ရှင်သန်ခွင့်မရအောင်.........
အသွေးအသားတွေစုပ်ယူပြီး
လူတန်းစားတစ်ရပ်က ပဒေဿရာဇ်လို
စိုးမိုးနေတဲ့
ကျွန်တော်တို့ရဲ့ ကျွန်ခေတ်က ၄၅နှစ်ရှိခဲ့ပြီ........
ခဏဖြစ်ဖြစ် ထကြည့်ပါဦး အဖေ.............

မိုးလှိုင်ည

1 comment:

  1. အရမ်းကောင်းတယ်ဗျာ။ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး တိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ ခုချိန်ထိ ကောင်းကောင်း မခံစားရသေးဘူး။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...