Tuesday, July 10, 2007

လွင့်မျောတဲ့ကဗျာ

ငါ့စိတ်တွေဘယ်လိုလွင့်မျောနေလည်း…
ဘာအကြောင်းပဲဖြစ်ဖြစ်မင်းနဲ့ပက်သက်ခဲ့သမျှတွေနဲ့
တိုက်ဆိုင်ပစ်လိုက်တယ်…အဲဒါငါလွမ်းဖို့အတွက်ပေါ့
တစ်နေ့ထက်တစ်နေ့ကွာဝေးနေရမှုကို
ထပ်ခါတစ်လဲလဲဖွဲ့ဆိုနေတဲ့
ငါ့စိတ္တနာမ်အမှုန်အမွှားတစ်စဟာ
မင်းမှမကယ်ရင်ဘယ်လိုမှသုံးမရတဲ့
အတ္တဘောတစ်ခုလည်းဖြစ်တယ်
အခါခါရှုးသွပ်ကြေကွဲမှုကို
ဆိုက်ကိုနူရိုးဆစ်လိုအမည်တပ်ထားတယ်တဲ့
အဲဒီစံလွဲစိတ်ရောဂါသည်အတွက်
အသင့်တော်ဆုံးကုထုံးဟာ
မင်းအပြုံးလေးတွေပဲဖေဖော်ဝါရီ….
ဖြစ်နိုင်ရင်တစ်ချက်လောက်ငဲ့စောင်းကြည့်စေချင်တယ်
ဖြစ်နိုင်ရင်တစ်ခါလောက်ခွင့်လွှတ်စေချင်တယ်
ဖြစ်နိုင်ရင်နောက်ထပ်တစ်ခါလောက်နမ်းရှိုက်ခွင့်ပြုပါဦး…
တစ်ကယ်တော့မဖြစ်နိုင်တာကိုမှ
အသေအကျေတပ်မက်တတ်တဲ့ငါ့အတွက်
ကွဲကြေသင့်တဲ့ငါ့အသည်းနှလုံးကို
ဟောဒီအဆုံးအရှုံးရာစုနှစ်တွေထဲ
တောက်ပစွာလောင်မြိုက်စေခဲ့ပြီးပြီ…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...