Tuesday, April 17, 2007

ရှုံးနိမ့်သူ မာလိန်မှုး

အရာအားလုံးပြီးဆုံးသွားတဲ့နောက်
ကမ္ဘာမြေကိုသတိရခြင်းတွေနဲ့ပြန်လှည့်ကြည်ံ့မိတယ်
ကျွန်တော်အလိုချင်ဆုံးမေတ္ဘ္တာတရားတွေက
ကျွန်တော်အတွက်ရေခန်းငါးဖြစ်ခဲ့ပြီ
အခုကောင်းကင်မှာပေကျံနေတဲ့
မုန်းတီးမှုအနံ့အသက်တွေရနေတယ်
ကျွန်တော်နဲ့အဆက်အသွယ်မရတော့တဲ့
ချစ်ခြင်းတရားများ
ကျွန်တော်သံလိုက်အိမ်မြှောင်ကပင်လယ်ထဲမှာ
ကျွန်တော်တတ်နိုင်သမျှအကောင်းဆုံးနေထိုင်ခဲ့ပါတယ်
ကျွန်တော်မှားရင်ခွင့်လွှတ်ပါ
ကမ္ဘာကြီးမှားရင်လည်းကျွန်တော်ခွ့င်လွှတ်တယ်
မုန်တိုင်းနဲ့လှိုင်းလုံးကြားမှာအဆုံးအရှုံးများဖူးတဲ့
တက်မဲ့ရွက်ပျက်လှေတစ်စင်းဟာ
ဘယ်သောင်ဘယ်ကမ်းကိုမှရည်ရွယ်ရင်းမရှိတော့ပါဘူး
မုန်တိုင်းနဲ့စစ်ခင်းဖို့အတွက်ကိုပဲ
ပင်လယ်ထဲကို....။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...