Monday, April 30, 2007

ဘ၀တစ်ခုရဲ့ ပြဇာတ်

ငါတို့အားလုံးဟာသံသရာဧည့်သည်တွေဆို
ခဏတာတွေ့ဆုံခြင်းမှာဘာဖြစ်လို့များ
မုန်းတီးခြင်းတွေစားသုံးအုံးမှာလည်း
ကြည်လင်သာယာတဲ့ရာသီတွေလို
ငါတို့နှလုံးသားတွေလှပနေပါစေ
လူဘ၀ဇာတ်ထဲမှာအငိုအချွှဲနဲ့မျက်ရည်ဝဲရတဲ့
မင်းသားမင်းသမီးလုပ်မယ့်အစား
အားလုံးကိုပျော်ရွှင်စေမယ့်
လူပြက်တစ်နေရာပဲပေးပါ
ငါကျေနပ်ပါတယ်
ငါဆုတောင်းလိုက်ပါရစေ
ရက်စက်တဲ့အသည်းနှလုံးတွေကြားက
မီးတောက်တွေကိုကမ္ဘာမြေပေါ်မှာ
ကူးစက်မလောင်ပါစေနဲ့လို့။

မိုးလှိုင်ည
အဖြူရောင်ကင်းဗတ်စများ(2003)

1 comment:

  1. အစ်ကိုရေ - စာအုပ်အတွက် အစ်ကို့ ဘလော့ဂ်က ကဗျာ ၃ ပုဒ်တင်ပေးလိုက်ပါတယ်။ အိပ်မက်ရာသီ၊ ရင်ဝေးငှက် နဲ့ မျှားနေကြသူများပါ။ ပါဝင်ကူညီမှုကို ကျေးဇူးတင်ပါတယ်။ သဘောမတူတာရှိရင်လည်း သိပါရစေ။ ကျွန်တော့် လိပ်စာကတော့ http://myanmaroa6.blogspot.com ပါ။

    Mr.Pooh (for MM Blog Book)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...